Showing posts with label Sports. Show all posts
Showing posts with label Sports. Show all posts

Sunday, September 13, 2009

ပြန်လည်အသက်ဝင်လာတော့မဲ့ ဥရောပချန်ပီယံလိဂ်ညချမ်းများ (Road to Madrid)

ဘောလုံးပရိတ်သတ်တွေရဲ့ ရင်ကို ညှို့ယူဖမ်းစားနိုင်လွန်းတဲ့ ဥရောပချန်ပီယံလိဂ်ညချမ်းများကို ပြန်လည်ခံစားရပါတော့မယ်... ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ မဟာအင်အားကြီး အသင်းတွေနဲ့အတူ မှော်ဝင်နေတဲ့ ဒီပြိုင်ပွဲကို တစ်ကမ္ဘာလုံးရှိ ဘောလုံးပရိတ်သတ်က အခြားပြိုင်ပွဲတွေထက်ပိုပြီး ပိုမိုစိတ်ဝင်စားကြတာ အမှန်ပါ... ဒါဟာ ကမ္ဘာ့ဖလားနဲ့ ဥရောပဖလား ဘောလုံးပြိုင်ပွဲတွေရဲ့ အရှိန်အ၀ါထက် မသာလွန်ဘူးလို့ ပြောလို့ရမယ်ဆိုရင်တောင် သေချာတာကတော့ လျော့ကျမှု မရှိပါဘူး.. ရသတစ်မျိုးစီနဲ့ ပေးစွမ်းနိုင်လွန်းလှတဲ့ ဥရောပဆောင်းညတွေပါပဲ.. နောက်ဆုံးအဆင့်တွေကို

ရောက်ရှိပြီး ထိပ်တန်းအသင်းကြီးတွေနဲ့ ၀ုန်းဒိုင်းကြဲပြီး ရင်ကွဲအောင် ကစားရမဲ့ အသင်းငယ်တွေကတော့ ခြေစစ်ပွဲ အဆင့် လေးဆင့်ကို ဖြတ်ကျော်ပြီးမှ ရောက်ခဲ့ရတာပေါ့.. ဒီနှစ်မှာတော့ ထိပ်တန်းအသင်းကြီးတွေရဲ့ ပြင်ဆင်မှုတွေဟာ လူအများ စိတ်ဝင်စားခြင်း ခံနေရသလို အဲဒီအသင်းတွေရဲ့ ကြိုတင်ပြင်ဆင်မှုတွေက ဥရောပရဲ့ ညချမ်းတွေကို ၀ိဥာဉ်သွင်းပေးလိုက်သလိုပါပဲ...

၂၀၀၉ ဇွန်လ ၃၀ ရက်နေ့ကနေ ပထမအဆင့် ခြေစစ်ပွဲတွေနဲ့ စတင်လိုက်တဲ့ ဒီပြိုင်ပွဲဟာ ၂၀၁၀ မေလ ၂၂ ရက်နေ့မှာ မက်ဒရစ်မြို့က ဘာနေဗျူးကွင်းကြီးမှာ ချန်ပီယံတစ်သင်းကို ရွေးထုတ်ပေးမှာပါ.. တစ်နှစ်နီးပါးမျှ ကြာမြင့်လှပေမဲ့ ပရိတ်သတ်တွေရဲ့ ရင်ထဲမှာတော့ ဒီပြိုင်ပွဲ ပြီးဆုံးသွားမှာကိုပဲ စိုးရွံ့နေမှာ အမှန်ပါ..





ဥရောပညတွေမှာ အောင်မြင်မှုရဖို့ ပြန်လည်နိုးထလာတဲ့ ဥရောပဘီလူးနှစ်ကောင် ဦးဆောင်မဲ့ အုပ်စု (A)

ဘေယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ရဲ့ သမိုင်းကြောင်းအကောင်းဆုံး အသင်းများထဲက တစ်သင်း အပါအ၀င်ပါ.. ဒါပေမဲ့ ဒီဘက်နှစ်တွေမှာတော့ ဘေယန်အသင်းဟာ ချန်ပီယံဆုနဲ့ ဝေးကွာလာရသလို ဟစ်ဖဲစွန့်ခွာသွားတဲ့ ဘေယန်အသင်းဟာ လူရိုသေ၊ ရှင်ရိုသေဘ၀ကနေ အတန်းကျခဲ့ပါတယ်.. ၉၉ ခုနှစ်ဝန်းကျင်များဆီက ရွှေရောင်လွှမ်းခဲ့တဲ့ ဘေယန်ရဲ့ အရှိန်အ၀ါတွေဟာ တဖြည်းဖြည်းကျဆင်းလာတာကို တွေ့ရပါတယ်.. ဒါပေမဲ့ ဒီနှစ်မှာတော့ ဘေယန်ဟာ အသင်းရဲ့ အရေးပါတဲ့ ကစားသမား ရစ်ဘာရီကို ရအောင် ထိန်းသိမ်းခဲ့သလို ရီးယဲလ်ရဲ့ အစွန့်ပယ်ခံ ကစားသမား ရော်ဘင်ကို စင်တော်ကောက်ပြီးတဲ့ နောက်ပိုင်းမှာတော့ ဘေယန်ရဲ့ အိပ်မက်တွေ ပြန်လည် အသက်ဝင်လာပြီလို့ ဆိုရပါ့မယ်.. နည်းပြသစ် ဗန်ဟားလ်ရဲ့ အောက်မှာ တဖြည်းဖြည်း တည်ငြိမ်လာတဲ့ ဘေယန်အသင်းဟာ အခြားအသင်းတွေကို စတင်ခြောက်လှန့်နေပါပြီ
စီးရီးအေ ဘီလူးကြီး ဂျူဗင်တပ်ကတော့ ဒီယေဂို၊ မယ်လိုတို့ကို ခေါ်ယူပြီး ဥရောပဘုရင်ဘွဲ့ကို ခံယူဖို့ အားယူနေပါပြီ.. စီးရီးအေမှာ ရလာဒ်ကောင်းတွေ ပြန်ယူနေပြီး လုပ်ပွဲအရှုပ်တော်ပုံက ကျခဲ့တဲ့ သိက္ခာတွေ ပြန်လည်ဆယ်ယူနေခဲ့ကာ စကူဒက်တိုဖလားရော ချန်ပီယံလိဂ်ဖလားပါ ရဖို့ စိုင်းပြင်နေပါတယ်....
ပြင်သစ်ကလပ် ဘော်ဒိုးနဲ့ အစ္စရေးကလပ် မက္ကာဘီဟိုင်ဖာတို့ကတော့ အိမ်ကွင်းမှာ မထင်မှတ်တာတွေ လုပ်ပြတတ်တာကလွဲရင် ဒီအုပ်စုကနေ ကျော်လွှားဖို့ မဖြစ်နိုင်သေးပါဘူး

နှစ်နှစ်ဆက် ဗိုလ်လုပွဲရောက် မန်ယူနဲ့ ဘွန်းဒစ်လီဂါ ချန်ပီယံတို့ ဦးဆောင်မဲ့ အုပ်စု (B)

နှစ်နှစ်ဆက် ဗိုလ်လုပွဲရောက်ပြီး တစ်ကြိမ်ချန်ပီယံဖြစ်ခဲ့တဲ့ မန်ယူအသင်းအနေနဲ့ ဖာဂူဆန်ရဲ့ ဥရောပ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ အသင်းရဲ့ အရေးပါတဲ့ ကစားသမား စီရော်နယ်ဒိုရဲ့ ထွက်ခွာမှုဟာ မန်ယူအသင်းအတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ်ပါပဲ.. ဆီမီးဖိုင်နယ်ကို တစ်ကြိမ်၊ ဗိုလ်လုပွဲကို နှစ်ကြိမ် တက်ရောက်နိုင်ခဲ့ပြီး ၂၀၀၇-၂၀၀၈ ရာသီမှာတော့ ဗိုလ်စွဲနိုင်ခဲ့တဲ့ မန်ယူရဲ့ နောက်ဆုံးသုံးနှစ်အောင်မြင်မှုဟာ စီရော်နယ်ဒိုရဲ့ အငွေ့အသက်လေးတွေ မကင်းဘူးဆိုတာ ထင်ရှားလှပါတယ်.. ဒီနှစ်မှာတော့ မန်ယူဟာ အတော်လေး ရုန်းကန်ရတော့မဲ့ သဘောပါ.. ဒီလူတွေနဲ့ ဖြစ်ပါတယ်ဆိုတဲ့ ဖာဂူဆန်ရဲ့ စကားဟာ ပရီမီးယားအတွက် မှန်ကောင်း မှန်ကန်နိုင်ပေမဲ့ ဥရောပမှာတော့ အခြားအသင်းကြီးတွေရဲ့ ပြင်ဆင်မှုအောက်မှာ ဖာဂူဆန်ရဲ့စကား နစ်မြုပ်သွားနိုင်ပါတယ်.. ဒါပေမဲ့ တူရကီကလပ် ဘင်ဖီကာကို ရှုံးနိမ့်ပြီး အုပ်စုအဆင့်က ရပ်တန့်ခဲ့ရတဲ့ သမိုင်းမျိုးကိုတော့ မန်ယူ ထပ်မံ မကြုံတွေ့နိုင်ပါဘူး.. အုပ်စုဗိုလ်ဖြစ်ဖို့အတွက် မန်ယူရဲ့ လူစာရင်းဟာ အခြားအသင်းတွေထက် နှာတစ်ဖျားသာနိုင်ပါတယ်..
ဂျာမာန်ချန်ပီယံ ၀ုလ်ဖ်ဘတ်အသင်းကတော့ စီအက်စ်ကေအေလို ကော်ကောင်အသင်းမျိုးကို သတိထား ထိန်းကစားသွားပြီး အုပ်စု ဒုတိယနေရာ ရယူဖို့ ပြင်ဆင်ရပါလိမ့်မယ်.. ထိပ်တန်း တိုက်စစ်မှူး ဂရာဖီတေးလို ကစားသမားမျိုးကြောင့် ဒီအုပ်စုမှာ ဒုတိယနေရာကတော့ ၀ုလ်ဖ်ဘတ်ကိုပဲ မြင်ယောင်မိပါတယ်..
အိမ်ကွင်းမှာ ရာသီဥတုအားသာချက် အများကြီး ရှိနေတဲ့ စီအက်စ်ကေအေအသင်းကတော့ နည်းပြသစ် ရာမို့စ်ကို ဆွဲခန့်ခဲ့ပြီး ကော်ကောင်အသင်းဖြစ်ဖို့ တာစူနေပါပြီ.. ဘီဆစ်တပ်ခ်အသင်းကတော့ အိမ်ကွင်းမာကျောမှုလောက်သာ ရှိပြီး အုပ်စုအဆင့်က ကျော်လွှားနိုင်ဖို့ ရုန်းကန်ရမှာပါ..

တစ်ကျော့ပြန် ဂလက်တီကို ကြယ်စင်စုနဲ့ အန်ဆယ်လော့တီ မရှိတဲ့ အေစီပါဝင်တဲ့ အုပ်စု (C)

ဒုတိယရှုံးထွက် အဆင့်နဲ့သာ ကျေနပ်နေရပြီး အောင်မြင်မှုတွေနဲ့ တစ်စ တစ်စ ဝေးကွာလာတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒီနှစ်မှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ထားပြီး ဗိုလ်လုပွဲရဲ့ အိမ်ရှင်အခွင့်အရေးကို အမိအရယူနိုင်ဖို့ ကြိုးစားနေပါပြီ.. ကြယ်စင်စုအသင်းနဲ့ ချန်ပီယံလိဂ်ကို လွှမ်းမိုးထားပြီး တရိပ်ရိပ် ကျဆင်းလာတဲ့ ရီးယဲလ်ရဲ့ အောင်မြင်မှု ဂရပ်ဖ်ဟာ ဒုတိယမြောက် ကြယ်စင်စုအသင်းကြီးက တရှိန်ထိုး စောင့်တက်နိုင်အောင် ဆွဲသားနိုင်မလားဆိုတာကတော့ သံသယရှိစရာပါပဲ.. ဒီရာသီမှာ နာမည်ကျော် ထိပ်တန်းကစားသမားတွေကို မြန်မြန်ဆန်ဆန် အထိုင်ကျအောင် ပြုလုပ်နိုင်ဖို့ လိုအပ်နေတဲ့အပြင် နည်းပြရဲ့ ကစားသမားတွေပေါ် လွှမ်းမိုးနိုင်မှု ရှိ၊ မရှိ ဆိုတဲ့ အချက်ကလဲ ချန်ပီယံလိဂ် သရဖူ ဆောင်းနိုင်ဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်..
ထိပ်တန်းနည်းပြကြီး အန်ဆယ်လော့တီရဲ့ စွန့်ခွာခြင်း ခံခဲ့ရတဲ့ အေစီမီလန်အသင်းဟာ ဒီရာသီမှာ မတည်ငြိမ်မှုတွေကြောင့် ဥရောပအတွက် အဆင်သင့် မဖြစ်နိုင်သေးပါဘူး.. ပါတိုလို ထိပ်တန်းကစားသမား ကျန်နေခဲ့ပေမဲ့ ကာကာကို လက်လွှတ်လိုက်ရတာကတော့ ချန်ပီယံလိဂ်မှာ ချန်ပီယံ ဖြစ်နိုင်လောက်တဲ့ အခြေအနေ ရှိမနေတာ အမှန်ပါ..
မာဆေးလ်နဲ့ ဇူးရစ်ခ်ျတို့ဟာလဲ အိမ်ဖြည့်အဆင့်ကနေ ဖျက်မြင်းဖြစ်လာနိုင်ဖို့ပဲ ကြိုးစားရအုံးမှာပါ..

ချန်ပီယံလိဂ်ရဲ့ နည်းပြဘုရင် အန်ဆယ်လော့တီ ဦးဆောင်မဲ့ ချဲလ်ဆီးပါဝင်တဲ့ အုပ်စု (D)

ရုရှားသူဌေး အေဗရာမိုဗစ်ခ်ျရဲ့ ဆုံးဖြတ်ချက် ဒီတစ်ခါ မှန်ကန်သွားပီလို့ ဆိုရလောက်အောင် ချဲလ်ဆီးအသင်းဟာ ပြည်တွင်းမှာတော့ တည်ငြိမ်လာတဲ့အဆင့်ကို ရောက်နေပါပြီ.. လိုချင်တဲ့ ဥရောပ အောင်မြင်မှုကို ရယူနိုင်ဖို့အတွက် အန်ဆယ်လော့တီကို ခေါ်ယူမှုဟာ ကစားသမား ၅ ယောက်လောက် ခေါ်ယူလိုက်တာနဲ့ကို ညီမျှနေပါတယ်.. အရင်ရာသီတွေမှာ ချဲလ်ဆီး ချန်ပီယံလိဂ်ကို မဆွတ်ခူးနိုင်တာဟာ နည်းပြ မတည်မငြိမ်မှုကို လက်ညှိုးထိုးလို့ရနိုင်သလို ချန်ပီယံလိဂ်မှာ အထာသိနေတဲ့ အန်ဆယ်လော့တီလို နည်းပြမျိုး မရှိလို့လို့ ပြောရင်လဲ မမှားနိုင်ပါဘူး.. ဒီရာသီမှာတော့ ချဲလ်ဆီးအသင်းဟာ ခြွင်းချက်မရှိ စောင့်ကြည့်ရမဲ့ အသင်းတစ်သင်း ဖြစ်နေပါပြီ
ပေါ်တိုနဲ့ အသက်လက်တီကိုအသင်းတို့ကတော့ ယမန်နှစ် ဒုတိယအဆင့် ရှုံးထွက်တွေ့ဆုံမှုကို ပြန်လည်ထိမ်းသိမ်းကြရင်းနဲ့ အုပ်စုဒုတိယနေရာကို လုယူဖို့ ပြင်ဆင်နေပါပြီ.. သူတို့နှစ်သင်းဟာ ချဲလ်ဆီးကို ကျော်လွှားပြီး အုပ်စုဗိုလ် မဖြစ်နိုင်တာကြောင့် အုပ်စု ဒုတိယနေရာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်ပါလိမ့်မယ်.. ဒီနှစ်သင်းမှာတော့ ပေါ်တိုဟာ အသလက်တီကိုထက် အားနည်းတယ်လို့ သတ်မှတ်ချက်တစ်ခု ရှိနေပါတယ်.. အဲဒါကတော့ အားထားရတဲ့ တိုက်စစ်မှူး လီဆန်ဒရိုကို လိုင်ယွန်အသင်းဆီ လက်လွှတ်လိုက်ရလို့ပါပဲ.. အဂွီရိုကို ရအောင် ထိန်းသိမ်းထားနိုင်တဲ့ အသလက်တီကိုကတော့ ပေါ်တိုထက် နှာတစ်ဖျားသာနေပါပြီ..
အသင်းငယ်လေး APOEL ကတော့ အိမ်ဖြည့်အဆင့်ထက် မပိုနိုင်ပါဘူး

ဘင်နီတက်ရဲ့ လီဗာပူးလ်၊ ဘန်ဇီမာ မရှိတဲ့ လိုင်ယွန်၊ မထင်မှတ်တာ လုပ်တတ်တဲ့ ဖီအိုရင်တီးနားတို့ ပါဝင်တဲ့ အုပ်စု (E)

ဒီအုပ်စုမှာတော့ ဘင်နီတက်ရဲ့ လီဗာပူးလ်ဟာ အရင်နှစ်တွေကလို မရုန်းကန်ရနိုင်ဘူးလို့ သေချာပေါက် မပြောနိုင်တဲ့ အုပ်စုပါပဲ.. အရင်နှစ်တွေမှာ လီဗာပူးလ်ဟာ အုပ်စုအဆင့်ကို ရုန်းကန်ခဲ့ရတာကို တွေ့ခဲ့ရမှာပါ.. ဒီနှစ်မှာလဲ လီဗာပူးလ် ရုန်းကန်ရအုံးမလားဆိုတာ စောင့်ကြည့်ရပါ့မယ်..
ဘန်ဇီမာ မရှိတဲ့ လိုင်ယွန်ဟာ ဥရောပတောင့်တင်းမှု ကျဆင်းသွားပါတယ်.. ဘန်ဇီမာလို ထိပ်တန်းကစားသမားမျိုးကို လက်လွှတ်လိုက်ရလို့ အုပ်စု ဒုတိယနေရာကိုတောင် ဖီအိုရင်တီးနား အသင်းနဲ့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရပါအုံးမယ်.. ဘန်ဇီမာနေရာကို ပေါ်တိုက လီဆန်ဒရိုကို ခေါ်ယူပြီး အစားထိုးထားတာကတော့ အားရစရာ ရှိပါတ်..
ဖီအိုရင်တီးနား အနေနဲ့ကလဲ မယ်လိုကို လက်လွှတ်ထားရလို့ အများကြီး မျှော်မှန်းထားလို့ ရနိုင်မယ် မထင်ပါဘူး.. ဒါပေမဲ့ အုပ်စု ဒုတိယနေရာကိုတော့ လိုင်ယွန်နဲ့ အပြိုင် လုယူနိုင်တဲ့ အနေအထားမှာ ရှိပါတယ်...
ဒီဘရီစီယန်ရဲ့ ခြေစွမ်းကတော့ အုပ်စုအဆင့်ထက် သာလွန်မဲ့ပုံ မပေါ်ပါဘူး

ကစားသမားတွေရဲ့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင် ယှဉ်ပြိုင်ရမဲ့ အုပ်စု (F)

ဘာစီလိုနာ ကစားသမားဟောင်း အီတူးရဲ့ အင်တာမီလန်နဲ့ အင်တာမီလန် ကစားသမားဟောင်း အီဗရာ ဟီမိုဗစ်ခ်ျရဲ့ ဘာစီလိုနာအသင်းတို့ အုပ်စုတွင်းမှာ ပြန်လည်ရင်ဆိုင်ရတာကတော့ ဒီအုပ်စုရဲ့ ယှဉ်ပြိုင်မှု အရှိန်ကို တွန်းတင်ပေးလိုက်တာပါ.. အသင်းဟောင်းနဲ့တွေ့ခဲ့ရင် သံယောဇဉ်တွေ အသာထားလို့ ပရော်ဖက်ရှင်နယ် စိတ်ဓါတ်ကို ပြသခွင့်ရဖို့ အကောင်းဆုံး အခွင့်အရေးတွေပါပဲ.. အုပ်စုဗိုလ် ဘယ်အသင်းလဲ ဆိုတဲ့ မေးခွန်းကတော့ ရုတ်တရက် အဖြေပေးဖို့ ခက်နေပါလိမ့်မယ်.. ဒါပေမဲ့ အင်တာရဲ့ ပြင်ဆင်မှုကတော့ မော်ရင်ဟို ၀န်ခံထားတဲ့အတိုင်း ဘာစီလိုနာအသင်းကို ကျော်လွှားပြီး အုပ်စု ပထမယူနိုင်ဖို့ ခက်ပါလိမ့်မယ်.. ရှနိုက်ဒါခေါ်ယူထားတဲ့ အင်တာဟာ ဘာကာရဲ့ ကွင်းလယ် စုဖွဲ့မှုကိုတော့ မှီနိုင်မယ် မထင်ပါဘူး..
ဒိုင်နမိုကိဗ်နဲ့ ရူဘင်အသင်းတွေကတော့ ထိပ်သီးအသင်းပါတဲ့ ဒီအုပ်စုကြောင့် နောက်တစ်ဆင့်တက်နိုင်ဖို့ မလွယ်ကူသေးပါ..

အလတ်တန်းစားအသင်းတွေသာ ပါဝင်ပြီး စောင့်ကြည့်ရမဲ့ အုပ်စု (G)

ဆီဗီးလား၊ ရိန်းဂျား၊ စတုဂတ်ပါတဲ့ ဒီအုပ်စုမှာတော့ ထိပ်တန်းအသင်းတွေ မပါဝင်တဲ့အတွက် အုပ်စုဗိုလ်ကို ဘယ်အသင်းမဆို မျှော်လင့်ခွင့် ရှိနေပါတယ်.. အလယ်အလတ်တန်းစား အသင်းတွေချည်းသာ ပါဝင်နေလို့ ပွဲကောင်းတွေ ထွက်ပေါ်လာမဲ့ ဒီအုပ်စုရဲ့ ယှဉ်ပြိုင်မှုမှာတော့ ဘယ်အသင်းတွေ နောက်တစ်ဆင့် တက်ရောက်နိုင်မလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရပါ့မယ်.. အသင်းသစ်လေး အာချင်စီနီကတော့ ချန်ပီယံလိဂ် အုပ်စုအဆင့်တွေ ကစားပြီး ရနိုင်တဲ့ ဆုကြေးငွေကိုသာ ခံစားဖို့ အသင့်တော်ဆုံလို့ ပြောချင်ပါတယ်..

လူငယ်တွေရဲ့ အရည်အချင်းနဲ့ စောင့်ကြည့်ရမဲ့ အာဆင်နယ် ဦးဆောင်မဲ့ အုပ်စု (H)

အဒီဘာယော ထွက်ခွာသွားပေမဲ့ လူငယ်တွေနဲ့ ဟန်ကျနေတဲ့ အာဆင်နယ်ဟာ ဒီအုပ်စုမှာ ဗိုလ်ဖြစ်ဖို့ မခက်ခဲနိုင်ပါဘူး.. ရှုံးထွက်၊ ကွာတားနဲ့ ဆီမီးအဆင့်တွေမှာသာ လူငယ်တွေရဲ့ အတွေ့အကြုံဟာ စကားပြောလာနိုင်လို့ အုပ်စုအဆင့်မှာ အာဆင်နယ်အတွက် အန္တရာယ် မရှိနိုင်ပါဘူး... ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးမှာ အောင်မြင်မှု ရယူနိုင်ဖို့အတွက် အတွေ့အကြုံ အလုံအလောက် ရှိရမယ်လို့ ဆိုပေမဲ့ လူငယ်ကစားသမားတွေနဲ့ ဖာဘရီဂတ်၊ ဗန်ပါစီလို ကစားသမားမျိုးတွေ အချိုးညီညီ ပေါင်းစပ်ထားတဲ့ အာဆင်နယ်အသင်းဟာ ကစားကွက် နည်းစနစ်တွေမှာ ချန်ပီယံလိဂ်အတွက် ထိပ်တန်းအဆင့်ပါပဲ.. ရီးယဲလ်ရဲ့ ကြယ်စင်စုတွေထက်တောင် သာလွန် ကောင်းမွန်လှပါတယ်.. ကစားကွက် ကစားဟန် ညက်ညောလှပလွန်းတဲ့ အာဆင်နယ်ရဲ့ ကစားကွက်တွေဟာ ချန်ပီယံလိဂ်အောင်မြင်မှုကို ၀ိဥာဉ်သွင်းပေးနိုင်မလားဆိုတာ စောင့်ကြည့်ကြပါစို့..
ဟော်လန်ကလပ် အေဇက်အယ်လ်ခမာနဲ့ ဂရိကလပ် အိုလံပီယာကော့စ်တို့ကတော့ အုပ်စု ဒုတိယနေရာကို အပြိုင်လုနိုင်ဖို့ ကြိုးစားကြပါလိမ့်မယ်.. ဒီနှစ်သင်းအနေနဲ့ အာဆင်နယ်ကို ကျော်လွှားနိုင်ဖို့ မဖြစ်နိုင်လို့ အုပ်စု ဒုတိယနေရာကို လုရင်းနဲ့ပဲ နောက်တစ်ဆင့် တက်နိုင်ဖို့ ကြိုးစားကြမှာပါ..
စတန်းဒတ်လိဂ်ကတော့ ဖျက်မြင်းအဆင့်လောက်သာ ရှိပါတယ်...

ကဲ အသက်ဝင်လာမဲ့ ချန်ပီယံလိဂ်ညတွေကို ခံစားရင်း ရင်ခုန်စောင့်မျှော် အားပေး ကြည့်ရှုကြပါစို့လား

ဆက်ဖတ်ရန်

Premier League Results (Sunday)

Birmingham 0 - 1 Aston Villa
Fulham 2 - 1 Everton
ဆက်ဖတ်ရန်

သူ့နာမည်က ပေါစခိုး ဖြစ်နေလို့ ဒိုင်လူကြီးက အခုလို အနီကဒ်ပြ ထုတ်ပယ်လိုက်တာပါ ဆိုတဲ့ ဖါဂူဆန်


မန်ချက်စတာ ယူနိုက်တက် အသင်းသည် မနေ့ညက စပါးအသင်းနှင့် စပါးအသင်း၏ အိမ်ကွင်းတွင် ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့ရာ စပါးအသင်းကို ၃-၁ ဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ပွဲချိန် ၅၉ မိနစ်၌ မန်ယူအသင်းမှ ကွင်းလယ် ကစားသမား ပေါစခိုးသည် ၂ ၀ါ ၁ နီဖြင့် အထုတ်ပယ် ခံခဲ့ရသည်။ မာရီနာကို ပေါစခိုးက လှဲချပြီး ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့သဖြင့် ပေါစခိုးကိုပြသ ခဲ့သော ဒုတိယအ၀ါကဒ် သို့မဟုတ် ၂ ၀ါ ၁ နီနှင့် ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ ဖါဂူဆန်က စိတ်ပျက်ရကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ဖါဂူဆန်က "ပေါစခိုးကို အခုလို ထုတ်ပယ်လိုက်တာဟာ ဆိုးရွားစိတ်ပျက်ဖွယ် ထုတ်ပယ် လိုက်မှုပါဘဲ။ ဒါဟာ ကျွန်တော့်အမြင်တော့ ဒိုင်လူကြီးရဲ့ မှားယွင်းမှု တစ်ခုပါဘဲ။ ကျွန်တော် ဒီဖြစ်ရပ်ကို ဗွီဒီယိုကနေ ပြန်ကြည့်ပြီးပါပြီ။ ကျွန်တော် ကြည့်တာကတော့ ထုတ်ပယ်စရာ ဘာအကြောင်းမှကို မမြင်မိပါဘူး။ ပေါစခိုးက စပါး ကစားသမားကို လုံးဝ မထိခဲ့ပါဘူး။ ဒါပေမယ့် သူကတော့ အထုတ်ပယ်ခံလိုက်ရပါတယ် ဘာဖြစ်လို့လဲ ဆိုရင် သူ့နာမည်က ပေါစခိုး ဖြစ်နေလို့ပါဘဲ။ ဒါ့ကြောင့်လဲ သူတို့က အနီကဒ်ပြ ထုတ်ပယ်လိုက်တာပေါ့။ ဒါဟာ ရီစရာ ဟာသ ဆန်ဆန် ဆုံးဖြတ်ချက် တစ်ခုလိုပါဘဲ။ စပါးလို အသင်းကို တစ်ဂိုးထဲ သာနေချိန်မှာ ဆယ်ယောက်နဲ့ ကစားဖို့ဆိုတာ မလွယ်ပါဘူး။" ဟုပြောကြားခဲ့သည်။ ပေါစခိုးအား ထုတ်ပယ်လိုက်ချိန်က မန်ယူအသင်းသည် ၁-၂ ဖြင့် တစ်ဂိုးအသာ ဖြင့် အနိုင်ရရှိနေချိန်ဖြစ်ပြီး ဆယ်ယောက် ကျန်အချိန်တွင်ပင် မန်ယူအသင်းအတွက် ရွန်းနေက တစ်ဂိုးထပ်မံသွင်းယူလိုက်ပြီးနောက် မန်ယူအသင်း၏ အနိုင်ရလဒ်ကို သေချာစေခဲ့သည်။

"အခုရာသီအတွက် ဒီပွဲဟာ အကောင်းဆုံး ပုံစံကိုပြန်လည် ရရှိလာတဲ့ ပွဲတစ်ပွဲ ပါဘဲ။" ဟုလည်း ဖါဂူဆန်က ပြောကြားခဲ့သည်။
ဆက်ဖတ်ရန်

Saturday, September 12, 2009

Premier League Results (Saturday)

ဘလက်ဘန်း 3 - 1 ဝုလ်ဖ်
လီဗာပူးလ် 4 - 0 ဘန်လေ
မန်စီးတီး 4 - 2 အာဆင်နယ်
ပို့စ်မောက် 2 - 3 ဘော်လ်တန်
စတုတ် 1 - 2 ချယ်လ်ဆီး
ဆန်းဒါးလန်း 4 - 1 ဟူးလ်စီးတီး
ဝီဂန် 1 - 0 ဝက်စ်ဟမ်း
စပါး 1 - 3 မန်ယူ
ဆက်ဖတ်ရန်

Friday, September 11, 2009

ခရိုးအေးရှားအသင်းကို ဂိုးသွင်းယူခဲ့ပြီးနောက် ကိုယ်တိုင် မသိလိုက်သော်လည်း အင်္ဂလန်အသင်း၏ သမိုင်းဝင် စံချိန်သစ် တင်လိုက်နိုင်သော ရွန်းနေ



အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်း၏ မှတ်တမ်း စာအုပ်တွင် ရွန်းနေ၏ နာမည်ကို ခရိုအေးရှား အသင်းနှင့် ကန်ပြီးနောက် ရေးထိုးလိုက်ပြီ ဖြစ်သော်လည်း ရွန်းနေကိုယ်တိုင် မသိရှိခဲ့ဘဲ နောက်မှသာ သိရှိခဲ့ရသည်။ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က ကစားခဲ့သော ခရိုအေးရှားအသင်းနှင့် ပွဲတွင် နောက်ဆုံးပိတ် ငါးဂိုးမြောက် ဂိုးအား ရွန်းနေက သွင်းယူပေးခဲ့ပြီးနောက် အင်္ဂလန် နိုင်ငံ့လက်ရွေးစင် ဘောလုံးသမားများ၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တစ်လျောက် ဂိုးအများဆုံး သွင်းသူအဖြစ် ၉ ဂိုးသွင်းယူပြီး စံချိန်သစ် တင်လိုက်နိုင်ပြီ ဖြစ်သည်။
ယခင် ၁၉၅၈ ခုနှစ်က မန်ယူအသင်းမှ တော်ပီတေလာက ၈ ဂိုးအထိ သွင်းယူပေးခဲ့ပြီး စံချိန်တင်ထားပြီး မကြမီမှာပင် မြူးနစ် လေယဉ်ပျက်ကျမှုတွင် ပါဝင်ခဲ့ပြီး သေဆုံးသွားခဲ့သဖြင့် ယခုအချိန်အထိ ၈ ဂိုးဖြင့် တေလာက ရပ်တည်နေခြင်း ဖြစ်ပြီး အဆိုပါ စံချိန်ကို ရွန်းနေက ချိုးလိုက်ခြင်း ဖြစ်သည်။

ရွန်းနေက "ကျွန်တော်ဟာ စံချိန်တွေနဲ့ ပတ်သက်ပြီး ကြိုမသိခဲ့ပါဘူးး။ ဒါပေမယ့် အခုတော့ ဂုဏ်ယူမိပါတယ်။ ကျွန်တော် နောက်ထပ် ၂ ဂိုးလောက်တော့ သွင်းနိုင်ဦးမယ် ထင်ပါတယ်။ ကျွန်တော်တို့ ၂ ပွဲလောက် ကစားဖို့ ကျန်နေသေးတယ်လေ။ ကျွန်တော် သေချာပေါက် ပြောရဲတာက မန်နေဂျာဟာ ခြားနားတဲ့ ပုံစံတစ်ခုခု လုပ်ဆော်ငမှာပါ။ ဒါပေမယ့် ကျွန်တော်ကတော့နောက် ထပ် ဂိုးနည်းနည်းလောက်တော့ သွင်းနိုင်မယ် ထင်ပါတယ်။ ဟုပြောကြားခဲ့သည်။ ရွန်းနေက ဟာသလုပ် ပြောကြားခဲ့ရာတွင် အများအားဖြင့် ကျွန်တော်က အင်္ဂလန် အသင်းရဲ့ ၀တ်စုံကို ၀တ်ဆင်လိုက်တာနဲ့ ဂိုးသွင်းနိုင်မယ်ဘဲ ခံစားနေရတာ။ ဒါပမယ့် စနေနေ့တွေမှာတော့ မဟုတ်ဘူး ဒါ့အပြင် ခရိုအေးရှားနဲ့ ပွဲမှာ ကံကောင်းပြီး ဂိုးရခဲ့တာအတွက် ကျေးဇူးတင်ရမယ်" ဟုပြောကြားသွားခဲ့သည်။



ဆက်ဖတ်ရန်

Monday, August 31, 2009

ဂျွန်တယ်ရီကို တစ်ပတ်လျင် လုပ်ခပေါင် ၁၆၀၀၀၀ ဖြင့် ငါးနှစ်စာချူပ်သက်တမ်း တိုးမြှင့်ခဲ့ပြီဖြစ်ကြောင်း ချယ်လ်ဆီးအသင်း အတည်ပြုကြေငြာ၊ ကစားသမား ဘ၀တလျောက် ချယ်လ်ဆီးအသင်းတွင် ကစားစေရန် ဖြစ်သည်ဟု ဖေါ်ပြ


ချယ်လ်ဆီးအသင်းသည် ဂျွန်တယ်ရီကို ငါးနှစ် စာချူပ်သက်တမ်း တိုးမြှင့် လိုက်ပြီဖြစ်ကြောင်း အသင်းပိုင် ၀က်ဆိုဒ်တွင် အတည်ပြု ပေးခဲ့သည်။ ဂျွန်တယ်ရီ၏ တစ်သက်တာ ကစားသမားဘ၀ တစ်လျောက်လုံး ချယ်လ်ဆီး အသင်းက အလိုရှိသည်ဟု ကြေငြာ ထားခဲ့ပြီးနောက် ယခုကဲ့သို့ ငါးနှစ်သက်တမ်းရှိ စာချူပ်သစ် ချူပ်ဆိုလိုက်ခြင်း ဖြစ်ပြီး စာချူပ်သစ်အရ ဂျွန်တယ်ရီသည် ၂၀၁၃-၂၀၁၄ ခုနှစ်အထိ ချယ်လ်ဆီး အသင်းတွင် ဆက်ရှိနေမည် ဖြစ်သလို ချယ်လ်ဆီး အသင်းကလည်း တစ်ပတ်လျင် လုပ်ခလစာအဖြစ် ပေါင် ၁၆၀၀၀၀ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လက်ကျန်စာချူပ် ၃ နှစ်ကျန်ရှိနေသော အချိန်တွင် မန်ချက်စတာ စီးတီးအသင်းက တစ်ပတ်လုပ်ခပေါင် ၃၀၀၀၀၀ ပေးမည်ဟု မက်လုံးပေး ကမ်းလှမ်းခဲ့သော်လည်း ချယ်လ်ဆီးအသင်း၏ ငယ်မွေးခြံပေါက် ကစားသမား ဂျွန်တယ်ရီက ချယ်လ်ဆီးအသင်းအပေါ် ချစ်မြတ်နိုးမှုကို ငွေကြေးဖြင့် မလဲလှယ်နိုင်ကြောင်း သတင်း ထုတ်ပြန်ချက် ပေးခဲ့ပြီးနောက် တစ်လအကြာတွင် ယခုကဲ့သို့ စာချူပ်သစ် ချူပ်ဆို လိုက်ခြင်း ဖြစ်သည်။ ချယ်လ်ဆီးအသင်း၏ ထုတ်ပြန် ကြေငြာချက်တွင် ဂျွန်တယ်ရီကို ကစားသမားသက်တမ်း တစ်လျောက် အသင်းတွင် ဆက်ရှိနေစေရေး အတွက် ယခုကဲ့သို့ စာချူပ်ခဲ့ခြင်း ဖြစ်ကြောင်း ဖေါ်ပြထားသည်။ အသက် ၂၈ နှစ်ရှိ ဂျွန်တယ်ရီ၏ စာချူပ်သက်တမ်း တိုးမြှင့်ခဲ့မှုမှာ ချယ်လ်ဆီးအသင်းအတွက် အောင်မြင်မှု တစ်ခုပင် ဖြစ်သည်။
ဆက်ဖတ်ရန်

Sunday, August 30, 2009

မိုက်ကယ်လ်အိုဝင်ကို ထပ်မံချန်လှပ်လိုက်ပြန်ပြီး အရံကစားသမားအဖြစ်သာ ကစားနေရသူ ပီတာခရော့ကိုသာ ရွေးချယ်လိုက်သော ကာပယ်လို၏ အင်္ဂလန်လက်ရွေးစင် လူစာရင်း


အင်္ဂလန်နည်းပြ ကာပယ်လိုက မန်ချက်စတာယူနိုက်တက် အသင်းမှတိုက်စစ်မှူး မိုက်ကယ်လ်အိုဝင်ကို လက်ရွေးစင် လူစာရင်းတွင် ထပ်မံချန်လှပ် လိုက်ပြန်ပြီ ဖြစ်သော်လည်း ဒဏ်ရာများကြောင့် ယခင်က မပါဝင်နိုင်ခဲ့သူ စတိဖင်ဂျာရက်ကိုမူ ပြန်လည် ခေါ်ယူလိုက်ပြီ ဖြစ်သည်။ ကာပယ်လိုက တိုက်စစ်မှူး ငါးယောက်အထိ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး

စပါးအသင်းတွင် ပုံမှန်နေရာမရရှိသူ ပီတာခရော့ကိုလည်း ပြန်လည် ခေါ်ယူလိုက်သည်။ မိုက်ကယ်လ်အိုဝင် ကိုယ်တိုင်ကလည်း အင်္ဂလန် လက်ရွေးစင်အသင်း စနေနေ့တွင် ချစ်ကြည်ရေး ခြေစမ်းပွဲကစားရမည့် စလိုဗေးကီးယား အသင်းနှင့် ပွဲအတွက်လည်းကောင်း ဗုဒ္ဓဟူးနေ့တွင် ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ခရိုအေးရှားအသင်းနှင့် ပွဲတွင်လည်းကောင်း ပါဝင် ကစားနိုင်မည်ဟု မျှော်လင့်ထားခြင်း မရှိပေ။

ကာပယ်လို၏ တိုက်စစ်မှူး စာရင်းတွင် ပီတာခရော့၊ ရွန်းနေ၊ ဂျာမီန်းဒီဖိုးလ်၊ ကာလ်တန်ကိုးလ်နှင့် ဟတ်စကီးတို့ ရွေးချယ်ခဲ့သည်။ အင်္ဂလန်လက်ရွေးစင် ဂိုးသမားအဖြစ်လည်း ဒုတိယဂိုးသမားများ ဖြစ်ကြသော မန်ယူမှ ဖေါ့စတာကို ထပ်မံ ရွေးချယ်ခဲ့သည်။ အင်္ဂလန်လက်ရွေးစင် လူစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

Squad: Foster (Man United), Green (West Ham), Robinson (Blackburn), Johnson (Liverpool), Brown (Man United), Upson (West Ham), Terry (Chelsea, capt), Lescott (Man City), A Cole (Chelsea), Bridge (Man City), Wright-Phillips (Man City), Lennon (Tottenham), Beckham (LA Galaxy), Barry (Man City), Lampard (Chelsea), Carrick (Man United), Gerrard (Liverpool), A Young (Villa), Milner (Villa), Rooney (Man United), Heskey (Villa), Defoe (Tottenham), C Cole (West Ham), Crouch (Tottenham)


ဆက်ဖတ်ရန်

အာရှာဗင်ရဲ့သွင်းဂိုးနဲ့ပတ်သက်ပြီး ဖော်စတာအနေနဲ့ ကာကွယ်နိုင်သင့်ကြောင်းပြောကြားလိုက်တဲ့ဆာအဲလက်စ်ဖာဂူဆန်


မန်ချက်စတာ ယူနိုက်တက်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က အာဆင်နယ် အသင်းကို (၂-၁) ဖြင့် အနိုင်ရ ခဲ့သည့်ပွဲတွင် အာရှာဗင် သွင်းယူ သွားခဲ့သော ဂိုးကို ဂိုးအဖြစ် ခွင့်ပြုခဲ့ရသည့် မန်ယူဂိုးသမား ဖော်စတာ အပေါ် အနည်းငယ် စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။

ဆာအဲလက်စ်က-
"သူဟာ အသက်၂၆နှစ်ရှိပါပြီ၊ ဒါပေမဲ့သူ ပွဲတွေ အများကြီး မကစားရသေးပါဘူး၊ ပွဲအများကြီး ကစားပြီး၊ သူအဓိက လိုအပ် နေတာ အတွေ့အကြုံပါ၊ သူဟာ အတွေ့အကြုံ နုနေ ပါသေးတယ်" ဟု ထုတ်ဖော် ပြောကြား လိုက်သည်။

အာဆင်နယ်ပွဲနဲ့ ပတ်သက်ပြီး-
"သူ့ကို သူလည်း ကောင်းကောင်း သိပါ လိမ့်မယ်၊ မနေ့ညကပွဲမှာ အာရှာဗင် သွင်းယူခဲ့တဲ့ ဂိုးကို သူဒီထက် ကောင်းအောင် ကာကွယ်နိုင်ခဲ့ သင့်ပါတယ် သူ့အနေနဲ့ ဒီထက်အများကြီး တိုးတက်ဖို့ လိုပါ သေးတယ်၊ ဒါကို သူကြိုးစား နိုင်ပါလိမ့်မယ်" ဟုပြောကြား သွားခဲ့သည်။
ဆက်ဖတ်ရန်

အင်္ဂလန် နည်းပြ ကာပယ်လိုက ရွန်းနီဟာ ရာအူးလ် ကဲ့သို့ ဂန္တ၀င်တွင်မည့် ကစားသမားဟု ပြောဆို


"ရွန်းနီဟာ အသက်ငယ်ပါသေးတယ် ဒီထက် အများကြီးတိုးတက် လာအုံးမှာပါ၊ သူဂိုးတွေ အရင်ကထက် သိသိသာသာ သွင်းနိုင်လာပါ လိမ့်မယ်၊ ကျွန်တော် ကစားသမား ကောင်းတွေ တော်တော်တော်များများကို နည်းပြလုပ်ဖူးခဲ့ပါတယ်၊ ကျွန်တော်နည်းပြ လုပ်ဖူးခဲ့တဲ့ အထဲမှာ ရာအူးဟာ ကျွန်တော် အကြိုက်ဆုံး ကစားသမားပါပဲ၊ သူတို့ နှစ်ယောက်ရဲ့ အရည်အချင်းတွေဟာ ခပ်ဆင်ဆင်ပါပဲ" ဟုပြောကြား လိုက်သည်။
ဆက်လက်ပြီး "ရွန်းနီဟာ ကျွန်တော့်အတွက် အရေးကြီးဆုံး ကစားသမားပါပဲ၊ သူ့ရဲ့စွမ်းရည်တွေဟာ မကြာခင်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်လာတော့မှာပါ" ဟုပြောကြား လိုက်သည်။

နည်းပြကြီးက
"အ၀တ်လဲခန်းမှာလည်းကစားသမားတွေအပေါ်သြဇာရှိတဲ့ကောင်းကောင်းထိန်းနိုင်တဲ့ခေါင်းဆောင်တစ်ယောက်ကျွန်တော့်ဆီမှာရှိပါတယ်၊သူဘယ်သူလဲဆိုတာကျွန်တော်သိပါတယ်"ဟု ပြောကြား သွားခဲ့သည်။
ဆက်ဖတ်ရန်