Monday, August 31, 2009

ဂျွန်တယ်ရီကို တစ်ပတ်လျင် လုပ်ခပေါင် ၁၆၀၀၀၀ ဖြင့် ငါးနှစ်စာချူပ်သက်တမ်း တိုးမြှင့်ခဲ့ပြီဖြစ်ကြောင်း ချယ်လ်ဆီးအသင်း အတည်ပြုကြေငြာ၊ ကစားသမား ဘ၀တလျောက် ချယ်လ်ဆီးအသင်းတွင် ကစားစေရန် ဖြစ်သည်ဟု ဖေါ်ပြ


ချယ်လ်ဆီးအသင်းသည် ဂျွန်တယ်ရီကို ငါးနှစ် စာချူပ်သက်တမ်း တိုးမြှင့် လိုက်ပြီဖြစ်ကြောင်း အသင်းပိုင် ၀က်ဆိုဒ်တွင် အတည်ပြု ပေးခဲ့သည်။ ဂျွန်တယ်ရီ၏ တစ်သက်တာ ကစားသမားဘ၀ တစ်လျောက်လုံး ချယ်လ်ဆီး အသင်းက အလိုရှိသည်ဟု ကြေငြာ ထားခဲ့ပြီးနောက် ယခုကဲ့သို့ ငါးနှစ်သက်တမ်းရှိ စာချူပ်သစ် ချူပ်ဆိုလိုက်ခြင်း ဖြစ်ပြီး စာချူပ်သစ်အရ ဂျွန်တယ်ရီသည် ၂၀၁၃-၂၀၁၄ ခုနှစ်အထိ ချယ်လ်ဆီး အသင်းတွင် ဆက်ရှိနေမည် ဖြစ်သလို ချယ်လ်ဆီး အသင်းကလည်း တစ်ပတ်လျင် လုပ်ခလစာအဖြစ် ပေါင် ၁၆၀၀၀၀ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လက်ကျန်စာချူပ် ၃ နှစ်ကျန်ရှိနေသော အချိန်တွင် မန်ချက်စတာ စီးတီးအသင်းက တစ်ပတ်လုပ်ခပေါင် ၃၀၀၀၀၀ ပေးမည်ဟု မက်လုံးပေး ကမ်းလှမ်းခဲ့သော်လည်း ချယ်လ်ဆီးအသင်း၏ ငယ်မွေးခြံပေါက် ကစားသမား ဂျွန်တယ်ရီက ချယ်လ်ဆီးအသင်းအပေါ် ချစ်မြတ်နိုးမှုကို ငွေကြေးဖြင့် မလဲလှယ်နိုင်ကြောင်း သတင်း ထုတ်ပြန်ချက် ပေးခဲ့ပြီးနောက် တစ်လအကြာတွင် ယခုကဲ့သို့ စာချူပ်သစ် ချူပ်ဆို လိုက်ခြင်း ဖြစ်သည်။ ချယ်လ်ဆီးအသင်း၏ ထုတ်ပြန် ကြေငြာချက်တွင် ဂျွန်တယ်ရီကို ကစားသမားသက်တမ်း တစ်လျောက် အသင်းတွင် ဆက်ရှိနေစေရေး အတွက် ယခုကဲ့သို့ စာချူပ်ခဲ့ခြင်း ဖြစ်ကြောင်း ဖေါ်ပြထားသည်။ အသက် ၂၈ နှစ်ရှိ ဂျွန်တယ်ရီ၏ စာချူပ်သက်တမ်း တိုးမြှင့်ခဲ့မှုမှာ ချယ်လ်ဆီးအသင်းအတွက် အောင်မြင်မှု တစ်ခုပင် ဖြစ်သည်။

No comments: