Sunday, August 30, 2009

အင်္ဂလန် နည်းပြ ကာပယ်လိုက ရွန်းနီဟာ ရာအူးလ် ကဲ့သို့ ဂန္တ၀င်တွင်မည့် ကစားသမားဟု ပြောဆို


"ရွန်းနီဟာ အသက်ငယ်ပါသေးတယ် ဒီထက် အများကြီးတိုးတက် လာအုံးမှာပါ၊ သူဂိုးတွေ အရင်ကထက် သိသိသာသာ သွင်းနိုင်လာပါ လိမ့်မယ်၊ ကျွန်တော် ကစားသမား ကောင်းတွေ တော်တော်တော်များများကို နည်းပြလုပ်ဖူးခဲ့ပါတယ်၊ ကျွန်တော်နည်းပြ လုပ်ဖူးခဲ့တဲ့ အထဲမှာ ရာအူးဟာ ကျွန်တော် အကြိုက်ဆုံး ကစားသမားပါပဲ၊ သူတို့ နှစ်ယောက်ရဲ့ အရည်အချင်းတွေဟာ ခပ်ဆင်ဆင်ပါပဲ" ဟုပြောကြား လိုက်သည်။
ဆက်လက်ပြီး "ရွန်းနီဟာ ကျွန်တော့်အတွက် အရေးကြီးဆုံး ကစားသမားပါပဲ၊ သူ့ရဲ့စွမ်းရည်တွေဟာ မကြာခင်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်လာတော့မှာပါ" ဟုပြောကြား လိုက်သည်။

နည်းပြကြီးက
"အ၀တ်လဲခန်းမှာလည်းကစားသမားတွေအပေါ်သြဇာရှိတဲ့ကောင်းကောင်းထိန်းနိုင်တဲ့ခေါင်းဆောင်တစ်ယောက်ကျွန်တော့်ဆီမှာရှိပါတယ်၊သူဘယ်သူလဲဆိုတာကျွန်တော်သိပါတယ်"ဟု ပြောကြား သွားခဲ့သည်။

No comments: