Sunday, August 30, 2009

အာရှာဗင်ရဲ့သွင်းဂိုးနဲ့ပတ်သက်ပြီး ဖော်စတာအနေနဲ့ ကာကွယ်နိုင်သင့်ကြောင်းပြောကြားလိုက်တဲ့ဆာအဲလက်စ်ဖာဂူဆန်


မန်ချက်စတာ ယူနိုက်တက်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က အာဆင်နယ် အသင်းကို (၂-၁) ဖြင့် အနိုင်ရ ခဲ့သည့်ပွဲတွင် အာရှာဗင် သွင်းယူ သွားခဲ့သော ဂိုးကို ဂိုးအဖြစ် ခွင့်ပြုခဲ့ရသည့် မန်ယူဂိုးသမား ဖော်စတာ အပေါ် အနည်းငယ် စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။

ဆာအဲလက်စ်က-
"သူဟာ အသက်၂၆နှစ်ရှိပါပြီ၊ ဒါပေမဲ့သူ ပွဲတွေ အများကြီး မကစားရသေးပါဘူး၊ ပွဲအများကြီး ကစားပြီး၊ သူအဓိက လိုအပ် နေတာ အတွေ့အကြုံပါ၊ သူဟာ အတွေ့အကြုံ နုနေ ပါသေးတယ်" ဟု ထုတ်ဖော် ပြောကြား လိုက်သည်။

အာဆင်နယ်ပွဲနဲ့ ပတ်သက်ပြီး-
"သူ့ကို သူလည်း ကောင်းကောင်း သိပါ လိမ့်မယ်၊ မနေ့ညကပွဲမှာ အာရှာဗင် သွင်းယူခဲ့တဲ့ ဂိုးကို သူဒီထက် ကောင်းအောင် ကာကွယ်နိုင်ခဲ့ သင့်ပါတယ် သူ့အနေနဲ့ ဒီထက်အများကြီး တိုးတက်ဖို့ လိုပါ သေးတယ်၊ ဒါကို သူကြိုးစား နိုင်ပါလိမ့်မယ်" ဟုပြောကြား သွားခဲ့သည်။

No comments: