Friday, September 11, 2009

ခရိုးအေးရှားအသင်းကို ဂိုးသွင်းယူခဲ့ပြီးနောက် ကိုယ်တိုင် မသိလိုက်သော်လည်း အင်္ဂလန်အသင်း၏ သမိုင်းဝင် စံချိန်သစ် တင်လိုက်နိုင်သော ရွန်းနေ



အင်္ဂလန် လက်ရွေးစင် ဘောလုံးအသင်း၏ မှတ်တမ်း စာအုပ်တွင် ရွန်းနေ၏ နာမည်ကို ခရိုအေးရှား အသင်းနှင့် ကန်ပြီးနောက် ရေးထိုးလိုက်ပြီ ဖြစ်သော်လည်း ရွန်းနေကိုယ်တိုင် မသိရှိခဲ့ဘဲ နောက်မှသာ သိရှိခဲ့ရသည်။ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က ကစားခဲ့သော ခရိုအေးရှားအသင်းနှင့် ပွဲတွင် နောက်ဆုံးပိတ် ငါးဂိုးမြောက် ဂိုးအား ရွန်းနေက သွင်းယူပေးခဲ့ပြီးနောက် အင်္ဂလန် နိုင်ငံ့လက်ရွေးစင် ဘောလုံးသမားများ၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တစ်လျောက် ဂိုးအများဆုံး သွင်းသူအဖြစ် ၉ ဂိုးသွင်းယူပြီး စံချိန်သစ် တင်လိုက်နိုင်ပြီ ဖြစ်သည်။
ယခင် ၁၉၅၈ ခုနှစ်က မန်ယူအသင်းမှ တော်ပီတေလာက ၈ ဂိုးအထိ သွင်းယူပေးခဲ့ပြီး စံချိန်တင်ထားပြီး မကြမီမှာပင် မြူးနစ် လေယဉ်ပျက်ကျမှုတွင် ပါဝင်ခဲ့ပြီး သေဆုံးသွားခဲ့သဖြင့် ယခုအချိန်အထိ ၈ ဂိုးဖြင့် တေလာက ရပ်တည်နေခြင်း ဖြစ်ပြီး အဆိုပါ စံချိန်ကို ရွန်းနေက ချိုးလိုက်ခြင်း ဖြစ်သည်။

ရွန်းနေက "ကျွန်တော်ဟာ စံချိန်တွေနဲ့ ပတ်သက်ပြီး ကြိုမသိခဲ့ပါဘူးး။ ဒါပေမယ့် အခုတော့ ဂုဏ်ယူမိပါတယ်။ ကျွန်တော် နောက်ထပ် ၂ ဂိုးလောက်တော့ သွင်းနိုင်ဦးမယ် ထင်ပါတယ်။ ကျွန်တော်တို့ ၂ ပွဲလောက် ကစားဖို့ ကျန်နေသေးတယ်လေ။ ကျွန်တော် သေချာပေါက် ပြောရဲတာက မန်နေဂျာဟာ ခြားနားတဲ့ ပုံစံတစ်ခုခု လုပ်ဆော်ငမှာပါ။ ဒါပေမယ့် ကျွန်တော်ကတော့နောက် ထပ် ဂိုးနည်းနည်းလောက်တော့ သွင်းနိုင်မယ် ထင်ပါတယ်။ ဟုပြောကြားခဲ့သည်။ ရွန်းနေက ဟာသလုပ် ပြောကြားခဲ့ရာတွင် အများအားဖြင့် ကျွန်တော်က အင်္ဂလန် အသင်းရဲ့ ၀တ်စုံကို ၀တ်ဆင်လိုက်တာနဲ့ ဂိုးသွင်းနိုင်မယ်ဘဲ ခံစားနေရတာ။ ဒါပမယ့် စနေနေ့တွေမှာတော့ မဟုတ်ဘူး ဒါ့အပြင် ခရိုအေးရှားနဲ့ ပွဲမှာ ကံကောင်းပြီး ဂိုးရခဲ့တာအတွက် ကျေးဇူးတင်ရမယ်" ဟုပြောကြားသွားခဲ့သည်။


No comments: