Sunday, September 13, 2009

သူ့နာမည်က ပေါစခိုး ဖြစ်နေလို့ ဒိုင်လူကြီးက အခုလို အနီကဒ်ပြ ထုတ်ပယ်လိုက်တာပါ ဆိုတဲ့ ဖါဂူဆန်


မန်ချက်စတာ ယူနိုက်တက် အသင်းသည် မနေ့ညက စပါးအသင်းနှင့် စပါးအသင်း၏ အိမ်ကွင်းတွင် ပရီးမီးယားလိဂ် ပွဲစဉ် ၅ အဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့ရာ စပါးအသင်းကို ၃-၁ ဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ပွဲချိန် ၅၉ မိနစ်၌ မန်ယူအသင်းမှ ကွင်းလယ် ကစားသမား ပေါစခိုးသည် ၂ ၀ါ ၁ နီဖြင့် အထုတ်ပယ် ခံခဲ့ရသည်။ မာရီနာကို ပေါစခိုးက လှဲချပြီး ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့သဖြင့် ပေါစခိုးကိုပြသ ခဲ့သော ဒုတိယအ၀ါကဒ် သို့မဟုတ် ၂ ၀ါ ၁ နီနှင့် ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ ဖါဂူဆန်က စိတ်ပျက်ရကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ဖါဂူဆန်က "ပေါစခိုးကို အခုလို ထုတ်ပယ်လိုက်တာဟာ ဆိုးရွားစိတ်ပျက်ဖွယ် ထုတ်ပယ် လိုက်မှုပါဘဲ။ ဒါဟာ ကျွန်တော့်အမြင်တော့ ဒိုင်လူကြီးရဲ့ မှားယွင်းမှု တစ်ခုပါဘဲ။ ကျွန်တော် ဒီဖြစ်ရပ်ကို ဗွီဒီယိုကနေ ပြန်ကြည့်ပြီးပါပြီ။ ကျွန်တော် ကြည့်တာကတော့ ထုတ်ပယ်စရာ ဘာအကြောင်းမှကို မမြင်မိပါဘူး။ ပေါစခိုးက စပါး ကစားသမားကို လုံးဝ မထိခဲ့ပါဘူး။ ဒါပေမယ့် သူကတော့ အထုတ်ပယ်ခံလိုက်ရပါတယ် ဘာဖြစ်လို့လဲ ဆိုရင် သူ့နာမည်က ပေါစခိုး ဖြစ်နေလို့ပါဘဲ။ ဒါ့ကြောင့်လဲ သူတို့က အနီကဒ်ပြ ထုတ်ပယ်လိုက်တာပေါ့။ ဒါဟာ ရီစရာ ဟာသ ဆန်ဆန် ဆုံးဖြတ်ချက် တစ်ခုလိုပါဘဲ။ စပါးလို အသင်းကို တစ်ဂိုးထဲ သာနေချိန်မှာ ဆယ်ယောက်နဲ့ ကစားဖို့ဆိုတာ မလွယ်ပါဘူး။" ဟုပြောကြားခဲ့သည်။ ပေါစခိုးအား ထုတ်ပယ်လိုက်ချိန်က မန်ယူအသင်းသည် ၁-၂ ဖြင့် တစ်ဂိုးအသာ ဖြင့် အနိုင်ရရှိနေချိန်ဖြစ်ပြီး ဆယ်ယောက် ကျန်အချိန်တွင်ပင် မန်ယူအသင်းအတွက် ရွန်းနေက တစ်ဂိုးထပ်မံသွင်းယူလိုက်ပြီးနောက် မန်ယူအသင်း၏ အနိုင်ရလဒ်ကို သေချာစေခဲ့သည်။

"အခုရာသီအတွက် ဒီပွဲဟာ အကောင်းဆုံး ပုံစံကိုပြန်လည် ရရှိလာတဲ့ ပွဲတစ်ပွဲ ပါဘဲ။" ဟုလည်း ဖါဂူဆန်က ပြောကြားခဲ့သည်။

No comments: