Wednesday, August 26, 2009

Shock Desktop

အရင်တင်ပြခဲ့တဲ့ Fake Virus က computer ကျွမ်းကျင်တဲ့ သူတွေ အတွက်အသုံးမ၀င်ပေမဲ့ ဒီနည်းကတော့ ၀င်ကောင်းဝင်ပါလိမ့်မယ်။ ရိုးရိုးလေးနဲ့ နောက်တဲ့နည်းပါ။ ပြင်ဆင်မှုတွေတော့လိုတယ်။ အဓိကကတော့ ကိုယ်စချင်တဲ့သူငယ်ချင်း သူ့ computer အနားမှာမရှိတဲ့အချိန်ပေါ့။

အဆင့် ၁ ။ ။ desktop ကို print screen လုပ်ပါ။ (keyboard ရဲ့ ညာဘက်အပေါ်ထောင့်မှာ PrtSc ဆိုပြီးရှိတတ်တယ်။)



အဆင့် ၂ ။ ။ Microsoft Paint ထဲမှာ new file လုပ်ပြီး paste လုပ်ပါ။ (Ctrl+V တန်းနိုပ်လို့လဲရပါတယ်။)
အဆင့် ၃ ။ ။ အဲဒိ paint file ကို လွယ်ကူတဲ့နေရာတစ်မှာ save ပါ။
အဆင့် ၄ ။ ။ ထို file ကို open ၍ right click နိုပ်ပြီး set as desktop background ကိုရွေးပါ။
အဆင့် ၅ ။ ။ Start Menu Toolbar ကို ဘယ်ဘက်ဒေါင့်ကို drag လုပ်ကပ်ထားပြီး auto hide ကိုလုပ်ပါ။

ဒါပါဘဲ။ စမ်းကြည့်ပါ။ Your friend will be shocked for sure. :)

Z

No comments: