Tuesday, August 25, 2009

နှစ်၄၀၀ပြည့် တီထွင်မှု


1609 ခုနှစ်မှာ Pise မြို့က Galileo Galilei ဆိုတဲ့ အာကာသ အတွေးအခေါ်ပညာရှင်ကြီးတစ်ယောက်က သိပံ္မဆိုင်ရာ ပစ္စည်းတစ်ခုကို ထွင်ခဲ့တယ်။ သူတီထွင်တဲ့အရာက အဝေးကအရာတွေကို အနီးကပ်မြင်နိင်တဲ့ ပြွန်ကြီးတစ်ခုပါ။ ဘာလဲဆိုတော့ အခုကျနော်တို့ အသုံးပြုနေတဲ့ တယ်လီစကုပ် ပါဘဲ။

အမှန်တော့ Galileo ကစပြီးထွင်ခဲ့တယ်ဆိုပေမဲ့ အခြေခံသဘောတရားကို စဉ်းစားခဲ့တာက Hans Lipperhay ဆိုတဲ့ Dutch နတ္ခတ်တာရာ ပညာရှင်တစ်ယောက်ပါ။ Galileo က လက်တွေ့နဲ့ သဘောတရားပေါင်းပြီး အကောင်အထည်ဖေါ် လိုက်တာပေါ့။ ပထမဆုံး တယ်လီစကုပ်က အဝေးကအရာကို ၈ ဆ ဘဲချဲ့နိုင်ပါတယ်။ (အခုဆို အဆ ၅၀၀ အထိချဲ့ နိုင်နေပါပြီ။)
Galileo ရဲ့ တယ်လီစကုပ်က Nicolaus Copernicus ရဲ့ ထင်မြင်ချက်ကို ပိုပြီးခိုင်မာစေခဲ့တယ်။ ဘာလဲဆိုတော့ ကမ္ဘာကြီးက တစ်ခြားဂြိုလ်များနီးတူ နေကို ဗဟိုထားပြီး ပတ်နေတယ်ဆိုတာဘဲ။ Greek နဲ့ Egyptian တွေက အဲဒိအချိန်တုန်းက ကမ္ဘာကြီးကို ဗဟိုထားပြီး တစ်ခြားဂြိုလ်တွေကပတ်နေကြတယ်၊ လို့ယူဆကြတယ်။ အဲဒိအယူကိုလက်ခံထားတဲ့ Roman Catholic Church က churchmen တွေက Galileo ကို 1610 မှာစတင် အတိုက်အခံလုပ်လာကြတယ်။ ဘာသာရေးကိုရှုပ်ထွေးအောင်မလုပ်ပါနှင့်ဆိုပြီး Galileo တရားဝင်သတိပေးခံရတဲ့အထိ ပြင်းထန်ခဲ့တယ်။ 1632 မှာ Galileo က ပိုမိုခိုင်မာတဲ့ အမြင်ကိုတင်တွင်းခဲ့ပေမဲ့ ဘာသာရေးပုန်ကန်တယ်ဆိုပြီး အကျယ်ချုပ် ခံခဲ့ရတယ်။
359 နှစ်ကြာတဲ့အခါမှာ churchmen တွေက Galileo ရဲ့အဆိုမှန်တယ်ဆိုပြီး လက်ခံခဲ့ကြပါတယ်။ အာကာသ သိပံ္မကျေးဇူးရှင်ကြီး Galileo ကတော့ 1642 မှာတင် အကျယ်ချုပ်ဘ၀နဲ့ဘဲကွယ်လွန်ခဲ့ပါတယ်။
ကမ္ဘာသမိုင်း ရဲ့ လေးစားဘွယ်ရာ ပုဂ္ဂိုလ်ကြီး တစ်ယောက်အကြောင်းကို နှစ်လေးရာပြည့် အထိမ်းအမှတ် အနေနဲ့ တင်ပြလိုက်ပါတယ်။

Z


No comments: