Showing posts with label Barcelona. Show all posts
Showing posts with label Barcelona. Show all posts

Sunday, August 30, 2009

အာဆင်နယ်ကိုတော့လေးစား ပါတယ်။ ဒါပေမဲ့ ဖာဘရီဂတ်စ် ကို ဘာစီလိုနာသို့ ပြန်ခေါ်ရလိမ့်မယ်။ (ဘာကာ ဥက္ကဌ လာပေါ်တာ)


ဘာစီလိုနာ ဥက္ကဌလာ ပေါ်တာက "အာဆင်နယ်ကိုတော့ လေးစားပါတယ်၊ ဒါပေမဲ့ ဖာဘရီဂတ်စ်ကိုတော့ သူရဲ့ မိခင်ကလပ် ဖြစ်တဲ့ ကျွန်တော် တို့အသင်းကို ပြန်ခေါ် ရပါလိမ့်မယ်ဟု ထုတ်ဖော် ပြောကြား သွားခဲ့သည်။

လာပေါ်တာက
"ကျွန်တော် ခုလိုဖာဘရီဂတ်စ်ကို ပြန်ခေါ်ဖို့ ပြောကြားတာဟာ တစ်ခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး အာဆင်နယ်ရဲ့ အဓိက ကစားသမားကို ခေါ်ဖို့ကြိုးစား တာ အများအမြင်မှာတော့ အမျိုးမျိုးတွေးလို့ ရပါတယ်" ဟုထုတ်ဖော် ပြောကြား သွားသည်။

ဆက်လက်ပြီး
"ကျွန်တော်တို့ အာစင်ဝင်းဂါးကို လေးစားပါတယ်၊ ခုလို လုပ်ဖို့ကြိုးစားတဲ့အတွက်လည်း စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ လူငယ်ကျောင်းက မွေးထုတ်ပေးလိုက်တဲ့ ကစားသမားကို ကျွန်တော်တို့ ဂုဏ်ယူပါတယ် ကျွန်တော်တို့ အနေနဲ့ ဘာမှလည်း လျှို့ဝှက်ပြီး ဆက်သွယ်သွားမှာ မဟုတ်ပါဘူး၊ တရားဝင်ချဉ်းကပ်ပြီး ရအောင် ပြန်ခေါ်ယူမှာပါ" ဟု ပြောကြား လိုက်သည်။

လာပေါ်တာက-
"ရီးရဲလ်မက်ဒရစ် ခရစ်စတီယာနို ရိုနယ်ဒိုကို ချဉ်းကပ်သလို ကြိတင်သဘောတူညီမှု့တွေ ယူပြီးမှ ခေါ်ယူတဲ့ပုံစံမျိုးလုပ် သွားမှာ မဟုတ်ပါဘူး" ဟုပြိုင်ဖက် ရီးရဲလ်ကိုပါ တိုက်ခိုက် လိုက်သည်။
ဆက်ဖတ်ရန်